တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ဒေသ၏ ရွေးကောက်ပွဲ ရလဒ် အကြောင်း ပြောကြား

(GMT+08:00)2024-01-14 16:44:11  

  ဇန်နဝါရီလ ၁၃ ရက်နေ့ညက ထိုင်ဝမ်ဒေသ၏ ရွေးကောက်ပွဲ ရလဒ် အကြောင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာက မင်ကျင့်တန်ပါတီသည် ထိုင်ဝမ် အဓိက ပြည်သူ့ဆန္ဒအား ကိုယ်စား မပြုနိုင်တာကို  ယခုအကြိမ် ထိုင်ဝမ်ဒေသ၏ ရွေးကောက်ပွဲ ရလဒ် နှစ်ခုက ပြသထားကြောင်း၊ ထိုင်ဝမ်သည် တရုတ်ပြည်၏ ထိုင်ဝမ် ဖြစ်ကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲသည် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံရေး၏ အခြေခံ အခြေအနေနှင့် တိုးတက်ရေး ဦးတည်ချက်နှင့် ရေလက်ကြား နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များ ခင်မင်ရင်းနှီးလာရန် ဘုံဆန္ဒကို ပြောင်းလဲနိုင်မည် မဟုတ်သလို အမိနိုင်ငံ နောက်ဆုံး ကျိန်းသေ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရန် အလားအလာကိုလည်း တားဆီးနိုင်မည် မဟုတ်ကြောင်း၊ ထိုင်ဝမ်ရေးရာကို ဖြေရှင်းရန်နှင့် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဖော်ဆောင်ရန် မိမိတို့၏ ရပ်တည်ချက်သည် တစိုက်မတ်မတ် ပြတ်ပြတ်သားသား ဖြစ်ကြောင်း၊ မိမိတို့သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ဖော်ပြထားသည့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို စွဲကိုင်မည် ဖြစ်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး လုပ်ရပ်များနှင့် ပြင်ပမှ အင်အားများ၏ ဝင်ရောက်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ထိုင်ဝမ်မှ သက်ဆိုင်ရာ ပါတီများ၊ အဖွဲ့အစည်းများနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့်အတူ နှစ်ဖက်ကမ်း ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရောနှော ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးပြီး တရုတ်အမျိုးသား၏ ယဉ်ကျေးမှု ထွန်းကား လာအောင် ဆောင်ရွက်ကာ နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်ရေးနှင့် အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။