ထိုင်ဝမ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-01-14 16:43:44  

 ထိုင်ဝမ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ရေးရာသည် တရုတ် ပြည်တွင်းရေး ဖြစ်ကြောင်း၊ ထိုင်ဝမ်အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာရှိခြင်းနှင့် ထိုင်ဝမ်က တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခြင်း အခြေခံအဖြစ်မှန်၊ တရုတ်အစိုးရက တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စွဲကိုင်သည့်၊ ထိုင်ဝမ် သီးခြားတည်ရှိရေးကို ဆန့်ကျင်သည့်၊  "တရုတ်ပြည်နှစ်ပြည်"နှင့် "တရုတ်ပြည် တစ်ပြည် ထိုင်ဝမ် တစ်ခု"ကို ဆန့်ကျင်သည့် ရပ်တည်ချက်များ၊ နိုင်ငံတကာ မိသားစုကြီးက တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူကို စွဲကိုင်သည့် ဘုံသဘောတူညီမှုနှင့် တည်ငြိမ်ခိုင်ခံ့သော အခြေအနေများ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရန် အခြေခံမူ ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ဆက်လက် စွဲကိုင်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးလှုပ်ရှားမှုများကို ဆန့်ကျင်၍ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ပြီးမြောက်အောင် ဆောင်ရွက်ရန် တရုတ်ပြည်သူများ၏ တရားမျှတသော လုပ်ငန်းကို နားလည် အားပေးထောက်ခံမည်ဟု မိမိတို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။