အမေရိကန်နှင့် ဗြိတိန်တို့၏ "အကျိုးစီးပွား" အားလုံးသည် "တရားဝင်ပစ်မှတ်များ" ဖြစ်သည် ဟု ယီမင်ရှိ ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ ဆို

(GMT+08:00)2024-01-13 14:22:45  

 Al Jazeera ရုပ်မြင်သံကြားဌာန ၏ ဒေသစံတော်ချိန် ၁၂ ရက်နေ့က သတင်း ထုတ်ပြန်ချက် အရ  အမေရိကန်နှင့် ဗြိတိန်တို့၏ မကြာမီက ယီမင်ဒေသများစွာအား တိုက်ခိုက်မှုများကို တုံ့ပြန်ပြောဆိုရာတွင် ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့က အမေရိကန်နှင့် ဗြိတိန်တို့၏ "အကျိုးစီးပွား" အားလုံး သည်  ယခုအခါတွင် "တရားဝင်ပစ်မှတ်များ" ဖြစ် ကြောင်း ထိုနေ့တွင် ကြေညာခဲ့ သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် အစောပိုင်းက ယီမင်နိုင်ငံရှိ နေရာအများအပြားကို လေကြောင်းမှ တိုက်ခိုက်မှုများသည် တရားမဝင် တိုက်ခိုက်မှုများ ဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် အမှန်တကယ် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊  ယခုအကြိမ်တိုက်ခိုက်မှုသည် အရှေ့ အလယ်ပိုင်း ဒေသကို အမှန်တကယ် အန္တရာယ်များကို ရင်ဆိုင်ရစေကာ သက်ဆိုင်ရာ ဆိုးကျိုးများကို အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့ ခံရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား ပါသည်။