အမေရိကန်နှင့် ဗြိတိန်သည် ယီမင်နိုင်ငံကို တိုက်ခိုက်မှု ၇၃ ကြိမ် ပြုလုပ်ခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိကြောင်း ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့ဆို

(GMT+08:00)2024-01-13 14:19:43  

ဇန်နဝါရီလ ၁၂ ရက်နေ့က ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များသည် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ယီမင်နိုင်ငံကို တိုက်ခိုက်မှု ၇၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကို မြို့တော်ဆာနာ၊ ဟိုဒဲဒါပြည်နယ်၊ တိုင်ဇ်ပြည်နယ်၊ ဟာ့ဂျာပြည်နယ်နှင့် ဆာဒါပြည်နယ်တို့တွင် အဓိကပြုလုပ်ခဲ့ပြီး လက်နက်ကိုင် ၅ ဦး သေဆုံးကာ  ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။