ရှီကျင့်ဖိန်သည် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် De Croo နှင့် တွေ့ဆုံ

(GMT+08:00)2024-01-13 14:23:51  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသို့ တရားဝင် ခရီး လှည့်လည်ရန် ရောက်ရှိနေသည့် ဘယ်လ်ဂျီယံဝန်ကြီးချုပ် De Croo နှင့် ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဘယ်လ်ဂျီယံ ဆက်ဆံမှု တိုးတက်ရေးကို တရုတ် နိုင်ငံက အလွန်အလေးထားကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၅၃ နှစ်အတွင်း နယ်ပယ်အသီးသီး၌ ပူး ပေါင်း ဆောင်ရွက်ရေး အောင်မြင်မှု ရလာဒ် များပြားပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုး ဖြစ်ထွန်းစေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဘယ်လ်ဂျီယံနှင့်အတူ ကုလသမဂ္ဂအပါအဝင် ဘက်ပေါင်းစုံမူဘောင်များအတွင်း ကူးလူးဆက်ဆံမှုကို တိုးမြှင့်ပြီး ရာသီဥတုပြောင်းလဲမှု ရင်ဆိုင် ဖြေရှင်းရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးအပါအဝင် ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတ De Croo ကလည်း  ဘယ်လ်ဂျီယံနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို ဆက်လက်စွဲကိုင်မည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံသည် အီးယူအလှည့်ကျ သဘာပတိနိုင်ငံအဖြစ် အီးယူ- တရုတ် ဆက်ဆံမှု တိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း၊ မိမိ၏ ယခုအကြိမ် တရုတ်ခရီးစဉ်သည် ဘယ်လ်ဂျီယံ-တရုတ် နှင့် အီးယူ- တရုတ် ဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်ဖို့ အထောက်အကူ ပြုနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။