ဆယ်နှစ်ကျော်ကြာ ပြုပြင်မွမ်းမံမှုများ ပြုလုပ် ပြီးနောက် နှစ်ထောင်ချီ သက်တမ်းရှိ ထန်မင်းဆက်ခေတ်က နံရံပန်းချီကားများပြသ

(GMT+08:00)2024-01-13 14:25:08  

ဇန်န၀ါရီလ ၁၂ ရက်နေ့က ဟိုနန်ပြည်နယ်ရှိ အန်ယန် ပြတိုက်တွင် နှစ်ထောင်ချီ သက်တမ်းရှိ ထန်မင်းဆက်ခေတ်က နံရံပန်းချီကား ၁၉ ချပ်ကို ပြသခဲ့သည်။ ယင်းသည် အဆိုပါ ရှေးဟောင်းပစ္စည်းများကို ဆယ်နှစ်ကျော်ကြာ ပြုပြင်မွမ်းမံ မှုများ ပြုလုပ် ပြီးနောက် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။ ၎င်းတို့သည် ထန်မင်းဆက်ခေတ် အလယ်ပိုင်းနှင့် နှောင်းပိုင်း မှ အုတ်ဂူ နံရံပန်းချီ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က  ဟိုနန် ပြည်နယ် အန်ယန်မြို့တွင် တူးဖော် တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ ယင်း အုတ် ဂူ သမိုင်းသက်တမ်း နှစ်ပေါင်း ၁၂၀၀ ခန့် ရှိသည်။ အဆိုပါ နံရံပန်းချီ များသည် ၃၀ စတုရန်းမီတာနီးပါးရှိပြီး ပန်းများ၊ ငှက်များ၊ သခင်များ၊ ယောက်ျား ကျွန်များ၏ပုံ ပါဝင်ကာ ထန်မင်းဆက်ခေတ်က လူလတ်တန်းစား၏ အေးချမ်းသော နေထိုင်မှုဘဝကို ပုံဖော်ထားသည်။