ယာလုံမြစ်ပေါ်ရှိ ကာလာ ရေအား လျှပ်စစ်ဓာတ်အား စခန်း ပင်မ အဆောက်အဦ စတင် တည်ဆောက်

(GMT+08:00)2024-01-13 14:26:15  

ဇန်နဝါရီလ ၁၂ ရက်နေ့က စီချွမ်းပြည်နယ် မုလီမြို့ရှိ ယာလုံမြစ်ပေါ်တွင် ကာလာ ရေအား လျှပ်စစ်ဓာတ်အား စခန်း၏ ပင်မ အဆောက်အဦ တည်ဆောက်ရေးနေရာကို ဝေဟင်မှ ကြည့်ရှုနေစဉ်ဖြစ်သည်။ ထိုနေ့တွင်ပင် ယာလုံမြစ်ပေါ်ရှိ ကာလာ ရေအား လျှပ်စစ်ဓာတ်အား စခန်းသည် မြစ်ရေကို ပိတ်ပြီး ပင်မ အဆောက်အဦ တည်ဆောက်ရေးသို့ ပြောင်းလဲခဲ့သည်။ ကာလာ ရေအား လျှပ်စစ်ဓာတ်အား စခန်းသည် ယာလုံမြစ် အလယ်ပိုင်းရှိ "ရေလှောင်ကန်တစ်ခုနှင့် ရေအား လျှပ်စစ်ဓာတ်အား စခန်း ၇ ဆင့်" ထဲမှ သတ္တမအဆင့် ရေအား လျှပ်စစ်ဓာတ်အား စခန်း ဖြစ်သည်။ ယင်းစခန်း၏ ဆည်သည် အမြင့် ၁၂၃ မီတာ ရှိပြီး စက်တပ်ဆင်မှုပမာဏ ကီလိုဝပ် ၁.၀၂ သန်း ရှိကာ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။