ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် အမေရိကန်နှင့် ဗြိတိန်တို့၏ စစ်ဆင်ရေးသည် ၎င်းတို့ ပြောကြားထားသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်စေနိုင်မည် မဟုတ်ဟု တရုတ်ဆို

(GMT+08:00)2024-01-13 15:44:52  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက်နေ့က ရုရှားနိုင်ငံ ၏ တောင်းဆိုချက် အရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပင်လယ်နီ ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယီမင်ရှိ ဟူသီလက်နက် ကိုင်ပစ်မှတ်များကို တိုက်ခိုက်နေသည့် အမေရိကန်နှင့် ဗြိတိန်တို့၏ စစ်ဆင်ရေးသည် ၎င်းတို့ ပြောကြားထားသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်စေနိုင်မည်မဟုတ်ဟု  ပြောကြားခဲ့သည်။