ရှီကျင့်ဖိန်သည် တရုတ်-လီဆိုသို သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်း နှစ် ၃၀ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-01-13 14:18:54  

ဇန်နဝါရီလ ၁၂ ရက်နေ့က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လီဆိုသို ဘုရင် Letsie III တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။

ရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည့် နှစ် ၃၀အတွင်း တရုတ်-လီဆိုသိုနှစ်နိုင်ငံတို့သည် အချင်းချင်း၏ အဓိက အကျိုးစီးပွားနှင့် အရေးပါသော အလေးထားမှုအပေါ် အပြန်အလှန် ထောက်ခံခဲ့ကြပြီး နှစ်နိုင်ငံ ကိုယ်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ရေးလမ်းကြောင်းတွင် လက်တွဲချီတက်ကြကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အပြန်အလှန် ဖေးမကူညီပေးပြီး နိုင်ငံကြီးငယ်မရွေး ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေး၏ စံနမူနာဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။