ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှု ယာယီရပ်ဆိုင်းပြီဟု အိမ်ဖြူတော်ဆို

(GMT+08:00)2024-01-13 14:20:53  

ယခုလ ၁၁ ရက်နေ့က အမေရိကန်အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ၏ မဟာဗျူဟာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ ဂျွန်ကာဘီက လက်ရှိအချိန်တွင်  အမေရိကန်အစိုးရသည် စစ်ရေးထောက်ပံ့မှုဆိုင်ရာ သမ္မတ၏အခွင့်အရေး မှတစ်ဆင့် ယူကရိန်းအား စစ်ရေးထောက်ပံ့ရန် ငွေကြေးများကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို ယာယီ ရပ်ဆိုင်းနေပြီဟု သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။