၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် တရုတ် Producer Price Indexသည် ၂၀၂၂ခုနှစ် အလားတူအချိန်ပိုင်းကထက် ၂.၇ရာခိုင်နှုန်းနှင့် လွန်ခဲ့သော နိုဝင်ဘာလကထက် ၀.၃ရာခိုင်နှုန်း အသီးသီး ကျဆင်း

(GMT+08:00)2024-01-12 16:20:28  

တရုတ်အမျိုးသားစာရင်းအင်းဌာန ၀က်ဘ်ဆိုဒ်မှ သတင်းအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်လုံးဆိုင်ရာစက်မှုထုတ်ကုန် ရောင်းချမှုစျေးနှုန်းProducer Price Index(PPI)သည် ၂၀၂၂ခုနှစ် အလားတူအချိန်ပိုင်းကထက် ၂.၇ရာခိုင်နှုန်းနှင့် လွန်ခဲ့သော နိုဝင်ဘာလထက် ၀.၃ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း၊ စက်မှုထုတ်ကုန် ဝယ်ယူမှုစျေးနှုန်းPurchasing prices of industrial producers(IPI)သည် ၂၀၂၂ခုနှစ် အလားတူအချိန်ပိုင်းကထက် ၃.၈ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လွန်ခဲ့သော နိုဝင်ဘာလကထက် ၀.၂ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် စက်မှုထုတ်ကုန် ရောင်းချမှုစျေးနှုန်းသည်  ၂၀၂၂ခုနှစ်ကထက် ၃ရာခိုင်နှုန်းကျဆင်းသွားပြီး စက်မှုထုတ်ကုန် ဝယ်ယူမှုစျေးနှုန်းမှာ ၃.၆ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။