ယီမင်ရှိ ဟူသီလက်နက်ကိုင်များ၏ ပစ်မှတ်များကို အမေရိကန်နှင့် ဗြိတိန်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

(GMT+08:00)2024-01-12 16:22:37  

ယီမင်ဒေသစံတော်ချိန် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာအများအပြားကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မြို့တော်ဆာနာနှင့် ဟိုဒီဒါတို့တွင် ပေါက်ကွဲသံများကြားရကြောင်း China Media Group မှသတင်းအရ သိရသည်။

ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွှယ်နေသည့် ပစ်မှတ်များကို အမေရိကန်နှင့် ဗြိတိန်တို့က စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ဒေသစံတော်ချိန် ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။