ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး အငြင်းပွားမှု ဖြစ်ပွားလာပြီးနောက် ဂါဇါဒေသ၌ သတင်းထောက် ၁၁၇ဦးသေဆုံး

(GMT+08:00)2024-01-12 16:23:05  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၁ရက်နေ့ညနေပိုင်းက ဂါဇါဒေသ မီဒီယာရုံးမှ သတင်းအရ ဂါဇါဒေသ အငြင်းပွားမှုကြောင့် နောက်ထပ် သတင်းထောက် ၂ဦး သေဆုံးခဲ့ ကြောင်း၊ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှု ဖြစ်ပွားလာပြီးနောက် ဂါဇါဒေသ၌ သတင်းထောက် ၁၁၇ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။