၂၀၃၅ခုနှစ်ရောက်သည့်အခါ လှပသော တရုတ်နိုင်ငံ ပန်းတိုင်ကို အခြေခံအားဖြင့် အကောင်အထည်ဖော် မည်ဖြစ်သည်

(GMT+08:00)2024-01-12 16:19:06  

လှပသောတရုတ်နိုင်ငံတည်ဆောက်ရေးသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတစ်နိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရန် အရေးကြီးသောပန်းတိုင်ဖြစ်ပြီး တရုတ် အမျိုးသား ပြန်လည်ရှင်သန်ရေးဆိုင်ရာ တရုတ်အိပ်မက်ကို အကောင်အထည်ဖော်ရန် အရေးကြီးသော အကြောင်းအရာလည်းဖြစ်သည်။ သာယာလှပသော တရုတ်နိုင်ငံတည်ဆောက်မှုကို ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်ရန်နှင့် လူနှင့်သဘာဝတို့ကြား ပြေပြစ်သင့်မြတ်စွာအတူနေထိုင်သော ခေတ်မီရေးကို အရှိန်မြှင့်ရန်အတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ တရုတ်နိုင်ငံတော်ကောင်စီက အောက်ပါအကြံပြုချက်များကို တင်ပြပါသည်။

၂၀၂၇ ခုနှစ်တွင် ဂေဟပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပိုမိုပြီးပြည့်စုံလာမည်ဖြစ်ပြီး စံပြနမူနာများစွာကို စိုက်ထူကာ လှပသော တရုတ်နိုင်ငံတည်ဆောက်မှုတွင် သိသာထင်ရှားသော ရလဒ်များ ရရှိမည်ဖြစ်သည်။

၂၀၃၅ ခုနှစ်တွင် ဂေဟစနစ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် စီမံခန့်ခွဲမှုစွမ်းရည် ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး လှပသော တရုတ်နိုင်ငံ ပန်းတိုင်ကို အခြေခံအားဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

ဤရာစုနှစ်အလယ်တွင် ဂေဟပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် စီမံခန့်ခွဲမှုစွမ်းရည်ခေတ်မီရေးကို အပြည့်အဝအကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး လှပသောတရုတ်နိုင်ငံကို ဘက်စုံ တည်ဆောက်မည်  ဖြစ်သည်။