ကန်သည် မည်သည့်ပုံစံဖြင့်မဆို ထိုင်ဝမ်ဒေသရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်၍ မရပါဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-01-12 16:20:05  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသရွေးကောက်ပွဲသည် တရုတ် နိုင်ငံ၏ ဒေသန္တရအရေးကိစ္စ ဖြစ်ကြောင်း၊ မည်သည့်ပြင်ပအင်အား ဝင်ရောက်စွက်ဖက်မှုကို မဆို လက်မခံကြောင်း၊ တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်း တည်ငြိမ်ရေးကို ပြင်းထန်စွာ မထိခိုက်စေရန် အမေရိကန်နိုင်ငံအနေဖြင့် မည်သည့်ပုံစံဖြင့် မဆို ထိုင်ဝမ်ဒေသရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်၍ မရကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့ပါသည်။