တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နှစ်ဦးပိုင်းတွင် အာဖရိကတိုက်သို့ ရှေးဦးစွာ သွားရောက်လည်ပတ်မည်

(GMT+08:00)2024-01-12 16:19:35  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ သည် ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၃ရက်နေ့မှ ၁၈ရက်နေ့အထိ အီဂျစ်၊ တူနီးရှား၊ တိုဂိုနှင့် ကုတ်ဒီဗွား နိုင်ငံများသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၄င်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ၃၄နှစ်ဆက်တိုက် နှစ်ဦးပိုင်းတွင် အာဖရိကတိုက်သို့ ရှေးဦးစွာ သွားရောက်လည်ပတ်ခြင်း ဖြစ်ပါသည်။ ၄င်းခရီးစဉ်ပြီးဆုံးပြီးနောက် ဝန်ကြီး ဝမ်ယိ သည် ဖိတ်ကြားချက် အရ ဘရာဇီးနှင့် ဂျမေကာ နိုင်ငံများသို့ သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။