၂၀၂၃ခုနှစ်တွင် တရုတ် မြို့ပြလေကြောင်းသည် တစ်နှစ်ပတ်လုံး လေယာဉ် အသွားအလာ ကြီးကြပ်ကွပ်ကဲမှု လုံခြုံရေး ဆိုင်ရာ မတော်တဆမှု လုံးဝမဖြစ်

(GMT+08:00)2024-01-12 16:21:17  

၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း၏ လေယာဉ် အသွားအလာကြီးကြပ်ကွပ်ကဲမှု စနစ်သည် သယ်ယူပို့ဆောင်ရေး လေယာဉ်အတက်အဆင်းစုစုပေါင်း ၉ .၈၆ သန်းကို အာမခံခဲ့ပြီး ၂၀၂၂ခုနှစ်ကထက်  ၈၇.၃ရာခိုင်နှုန်းတိုးများလာကြောင်း၊ တရုတ်မြို့ပြ လေကြောင်း၏ လေယာဉ် အသွားအလာကြီးကြပ်ကွပ်ကဲမှု စနစ်သည် တစ်နှစ်လုံး လေယာဉ် အသွားအလာ

ကြီးကြပ်ကွပ်ကဲမှု  လုံခြုံရေးဆိုင်ရာ မတော်တဆမှုနှင့် မတော်တဆမှုဖြစ်ပွားနိုင်ဖွယ်ရှိသည့် အခြေအနေ လုံးဝမရှိအောင် အကောင်အထည်ဖော်ဆောင်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

တရုတ် အမျိုးသား မြို့ပြလေကြောင်း ဌာန လက်အောက်ရှိ လေယာဉ် အသွားအလာ

ကြီးကြပ်ကွပ်ကဲမှု ဗျိုရိုမှ ပါတီကော်မတီအတွင်းရေးမှူး Wen Wenzheng က ၂၀၂၄ ခုနှစ်တွင်  မိမိတို့သည် ဝန်ဆောင်မှုအရည်အသွေးနှင့် ထိရောက်မှု တိုးမြင့်ရန် တွန်းအားပေးပြီး  စမတ် လေယာဉ် အသွားအလာ ကြီးကြပ်ကွပ်ကဲမှု တည်ဆောက်ခြင်းကို အရှိန်မြှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ချက်များစွာဖြင့် လေယာဉ် အသွားအလာ ကြီးကြပ်ကွပ်ကဲမှု အာမခံနိုင်စွမ်းကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။