တရုတ်မော်တော်ကား ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုစလုံးသည် စီးရေ သန်း ၃၀ ကျော်သွားပြီ

(GMT+08:00)2024-01-12 16:21:45  

တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းမှ ဇန်နဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်သော စာရင်းအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏ နှစ်ခုစလုံးသည် ပထမဆုံးအကြိမ်အဖြစ် စီးရေ သန်း ၃၀ ကျော်ရှိ၍ သမိုင်းတွင် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှု ပမာဏသည် စီးရေ ၃၀.၁၆၁သန်းနှင့် စီးရေ ၃၀.၀၉ ၄ သန်း အသီးသီး ရှိပြီး ၂၀၂၂ခုနှစ်ကထက် ၁၁.၆ရာခိုင်နှုန်း နှင့် ၁၂ရာခိုင်နှုန်း အသီးသီး တိုးလာကာ မော်တော်ယာဉ် ပြည်ပတင်ပို့ရောင်းချမှု ပမာဏသည် စီးရေ ၄.၉၁ သန်းရှိပြီး  ၂၀၂၂ခုနှစ်ကထက် ၅၇.၉ ရာခိုင်နှုန်းတိုးလာ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့နံပါတ်တစ် မော်တော်ကားတင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာရန် အလားအလာ ရှိကြောင်း၊ လက်ရှိအချိန်တွင် တရုတ်မော်တော်ယာဉ်များကို နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ ကျော်သို့ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။