သိပ္ပံပညာရှင်များက အန္တာတိကတိုက်အနီးရှိ နို့တိုက်သတ္တဝါများတွင် ကြက်ငှက်တုပ်ကွေး ကို ပထမဆုံးအကြိမ် တွေ့ရှိ

(GMT+08:00)2024-01-12 16:23:33  

ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် အန္တာတိက တိုက်အနီး တောင်ဂျော်ဂျီယာကျွန်းပေါ်ရှိ elephant seal နှင့် furseal များကြားတွင် ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့ခြင်းကို အတည်ပြုခဲ့သည်။ H5N1 ဗိုင်းရပ်စ် ကမ္ဘာတစ်ဝှမ်း တွင် ဆက်လက်ကူးစက်ပျံ့နှံနေသဖြင့် ဗြိတိန်ဗိုင်းရပ်စ်ဗေဒအဖွဲ့တစ်ဖွဲ့သည် elephant seal နှင့် furseal များကြားတွင် ကြက်ငှက်တုပ်ကွေး ပထမဆုံးဖြစ်ပွားခြင်းကို အတည်ပြုခဲ့ သည်ဟု ရိုက်တာသတင်းအရသိရပါသည်။