နိုင်ငံတကာမိသားစုကြီးအနေနှင့် အနောက်အာဖရိကနှင့် Sahil နိုင်ငံများအား ထောက်ခံရန် တရုတ် ပန်ကြား

(GMT+08:00)2024-01-12 16:22:12  

    ဇန်နဝါရီလ ၁၁ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အနောက်အာဖရိက နှင့် Sahil ပြဿနာကို တံခါးဖွင့်စစ်ဆေးခဲ့ရာမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စားလှယ် တိုက်ပင်းက နိုင်ငံတကာမိသားစုကြီးအနေနှင့် အဆိုပါဒေသရှိ နိုင်ငံများအား ဘက်ပေါင်းစုံမှနေ ထောက်ခံရန် ပန်ကြားသည်ဟု ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တိုက်ပင်းက တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် နှင့် တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက် မူဘောင်အောက်ရှိ နှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနောက်အာဖရိကနှင့် Sahil နိုင်ငံများ၏ စွမ်းရည် အားဖြည့်ထူထောင်ရန် အမြဲတမ်းပံ့ပိုးပေးနေကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် လာမည့်သီတင်းပတ်တွင် အနောက် အာဖရိကရှိ တိုဂိုနိုင်ငံ နှင့် ကုတ်ဒီဗွားနိုင်ငံသို့ ချစ်ကြည်ရေးခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်သည် လွန်ခဲ့သည့် ၃၄နှစ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နှစ်စဉ် ပထမဆုံးခရီးစဉ်အဖြစ် အာဖရိကသို့ သွားရောက် လှည့်လည်ခြင်းဟူသော ကောင်းမွန်သည့် ရိုးရာအစဉ်အလာကို ဆက်တိုက် ထိန်းထားပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားပေးရန် အတွက် တရုတ်မှ အကျိုးပြု စွမ်းဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။