ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(GMT+08:00)2024-01-12 14:58:49  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ ကြီးမှူး၍ မြန်မာသံရုံးမိသားစုမှ ဘေကျင်းမြို့ Eempark Prime Hotel ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး  Mr. Nong Rong အပါအဝင် ဘရူနိုင်းဒါဒူစလင်နိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ ၊ ရုရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့မှ အကြီးအကဲများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်များ၊ သံတမန်များနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲ အခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား ဖွင့်လှစ်ပြီးနောက် သံအမတ်ကြီး ဦးတင်မောင်ဆွေက မိန့်ခွန်းပြောကြားခဲ့ပြီး  ဧည့်သည်တော် များအား မင်္ဂလာပါ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ မြန်မာ့ရိုးရာ အစားအစာများအပါအဝင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားရှုခင်းများ၊ ယဉ်ကျေးမှုအကများ ပါဝင်သည့်  ဗီဒီယိုဖိုင်များပြသခဲ့ကြောင်း သိရှိရပါသည်။