လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ သွန်လွန်သည် လီရှူလေ နှင့် တွေ့ဆုံ

(GMT+08:00)2024-01-11 14:56:36  

        ဇန်နဝါရီလ ၁၀ ရက်နေ့က လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulith သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊  တရုတ်ကွန်မြူနစ်ပါတီ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး လီရှူလေ နှင့် ဗီယင်ကျန်းမြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လီရှူလေက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်စကားများကို တစ်ဆင့် ပြောကြားပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော စံပြ ပြုလုပ်သည့်အနေနှင့် တရုတ်နိုင်ငံသည် စံနှုန်း၊ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားသော တရုတ်-လာအို ကံကြမ္မာတူ အသိုက်အဝန်းကို လာအိုနှင့်အတူ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

        သွန်လွန်က အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်အား ကောင်းမွန်သော ဆုတောင်းမှုများကို တစ်ဆင့်ပေးဆောင်ရန် လီရှူလေအား မေတ္တာရပ်ခံသည့်အပြင် လာအိုနိုင်ငံသည် လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အလွန် အလေးထားကြောင်း၊ လာအိုနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ပါတီနှင့် နိုင်ငံ စီမံအုပ်ချုပ်ရေးဆိုင်ရာ သီအိုရီများနှင့် အတွေ့အကြုံများ ကူးလူးဖလှယ်ရေးကို ပိုမို အားကောင်းစေခြင်း၊ လာအို-တရုတ် ရထားလမ်း၏ အရေးပါသော အခန်းကဏ္ဍတွင် တွန်းအားပေးမှုကို အားကောင်းစေခြင်း၊ နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်မှု၊ ယဉ်ကျေးမှု၊ ခရီးသွားလာမှု၊ လူမှုယဉ်ကျေးမှု စသည့် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားသည်။