ရှီကျင့်ဖိန်သည် ဖင်လန်သမ္မတ Niinisto နှင့် ဗီဒီယို ဖြင့် တွေ့ဆုံ

(GMT+08:00)2024-01-11 14:56:04  

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံ သမ္မတ Niinisto နှင့် ဗီဒီယို တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဖင်လန်အပါအဝင် ဥရောပနိုင်ငံများနှင့် လက်တွဲပြီး မဟာဗျူဟာရှုထောင့်နှင့် ရေရှည်ရှုထောင့်မှ အချင်းချင်းကိုရှုမြင်ရန်၊ တရုတ်-အီးယူ ဆက်ဆံရေးကို ထိန်းသိမ်းပြီး တိုးတက်ရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း  ပြောကြားခဲ့သည်။

Niinisto က ဖင်လန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ကိန်းဝပ်စွမ်းအားကို တစ်ဆင့်တိုး ဖော်ထုတ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးကာ ဖင်လန်-တရုတ်နှင့် အီးယူ-တရုတ်ဆက်ဆံရေးတွင် ဖွံ့ဖြိုးတိုးတက်မှုအသစ်များ အဆက်မပြတ်ရရှိရန် ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့သည်။