ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရသည့် Hasina ထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

(GMT+08:00)2024-01-11 17:50:53  

ဇန်နဝါရီလ ၁၁ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရသည့် Sheikh Hasina ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ချစ်ကြည်ရေးအစဉ်အလာရှိသော အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဩဂုတ်လက မိမိနှင့် ဝန်ကြီးချုပ် Hasinaတို့ သည် တောင်အာဖရိက ကျိုဟန်နစ္စဘတ်မြို့၌ တွေ့ဆုံခဲ့ရာတွင် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အရေးကြီးသဘောတူညီမှုရရှိခဲ့ကြောင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်တို့အနေနှင့် နှစ်နိုင်ငံရရှိခဲ့သော အရေးကြီးသဘောတူညီမှုများကို တစ်ဆင့်တိုး ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု နက်ရှိင်းစေကာ ချစ်ကြည်ရေးအစဉ်အလာထွန်းကားစေ၍ ဖွံ့ဖြိုးရေး မဟာဗျူဟာ‌ ချိတ်ဆက်မှု အားဖြည့်ဆောင်ရွက်ပြီး “Belt and Road”ကို အရည်အချင်းမြင့်မားစွာ အတူတည်ဆောက်ကြ၍ တရုတ်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို အဆင့်သစ်သို့ အဆက်မပြတ် တက်လှမ်းနိုင်ဖို့ တွန်းအားပေးရန် အတူကြိုးပမ်းအားထုတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် Hasinaထံသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရပါသည်။