အီကွေဒေါမှာ အကြမ်းဖက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး

(GMT+08:00)2024-01-11 16:36:05  

 အီကွေဒေါနိုင်ငံအနောက်တောင်ပိုင်းရှိ Guayas ပြည်နယ်တွင် ယခုလ ၉ ရက်နေ့က ပြင်းထန်သောတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အီကွေဒေါအစိုးရက ၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။

နိုဗယ်လ်မြို့တွင် ရဲနှစ်ဦးကို လက်နက်ကိုင်များက သတ်ဖြတ်ခဲ့သည်ဟု အီကွေဒေါရဲဘက်က အတည်ပြုပြောကြားခဲ့ကြောင်း၊ အီကွေဒေါ သမ္မတ နိုဗိုအာက အီကွေဒေါနိုင်ငံသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အခြေအနေသို့ ဝင်ရောက်ပြီဟုပြောကြားခဲ့ကြောင်း သိရပါသည်။