ရှီကျင့်ဖိန်သည် မော်လဒိုက်နိုင်ငံ သမ္မတ မူအီဇူနှင့် တွေ့ဆုံ

(GMT+08:00)2024-01-11 14:42:16  

   ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တိုင်းရေးပြည်ရာကိစ္စဖြင့် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည် နေသော မော်လဒိုက်နိုင်ငံ သမ္မတ မူအီဇူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်တို့က တရုတ်နှင့် မော်လဒိုက် နှစ်နိုင်ငံ ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အဖြစ် တိုးမြှင့်ကြောင်း ကြေညာခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က တရုတ်နှင့် မော်လဒိုက် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၅၂ နှစ်အတွင်း နှစ်နိုင်ငံတို့သည် အစဉ်တစိုက် အပြန်အလှန် လေးစားပြီး အပြန်အလှန် ထောက်ခံကာ နိုင်ငံကြီးငယ်မရွေး တန်းတူရည်တူ အပြန်အလှန် သဘောထားခြင်း၊ အပြန်အလှန် ဖေးမကူညီခြင်းနှင့် အပြန်အလှန် အကျိုးရှိစေခြင်းဆိုင်ရာ စံနမူနာကိုပြနိုင်ခဲ့ကြောင်း၊ တရုတ်နှင့် မော်လဒိုက် ဆက်ဆံမှုကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ လိုအပ်ချက်နှင့် နှစ်နိုင်ငံ ပြည်သူများ၏ မျှော်လင့်ချက်နှင့် ကိုက်ညီပါကြောင်း၊ တရုတ်နိုင်ငံသည် မော်လဒိုက်နိုင်ငံ နှင့်အတူ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အဆက်မပြတ် တိုးချဲ့ပြီး တရုတ်နှင့် မော်လဒိုက် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြား ခဲ့ပါသည်။

   မူအီဇူက မော်လဒိုက်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ခြင်းကို အခွင့်ကောင်းအဖြစ် ထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်များကို တစ်ဆင့်တိုး တိုးချဲ့ရန်၊ နှစ်ဖက် ဆက်ဆံမှု၏ အနက်သဘောကို တိုးချဲ့ရန်၊ Belt and Road အရည်အသွေးမြင့်မားစွာ အတူ တည်ဆောက်ခြင်းကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ဆက်ဆံမှုတွင် ပိုမို များပြားသော တိုးတက်မှုသစ်များ ရရှိဖို့ တွန်းအားပေးရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို များပြားသော ချမ်းသာသုခကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။