တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် တည်ဆောက်ထားသော အကြီးဆုံး ကွန်တိန်နာ သင်္ဘောသည် Tianjin မှ အောင်မြင်စွာ ထွက်ခွာ

(GMT+08:00)2024-01-11 17:34:49  

ယခုလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွင် တည်ဆောက်ထားသော အကြီးဆုံး ကွန်တိန်နာသင်္ဘော ၊ လိုင်ဘေးရီးယားနိုင်ငံမှ မှတ်ပုံတင်ထားသော "Mediterranean Anita" သည် Tianjin ဆိပ်ကမ်းမှ ထွက်ခွာပြီး အကောက်ခွန်ကို အောင်မြင်စွာ ရှင်းလင်းခဲ့ပါသည်။

ယခုအကြိမ် တင်ပို့သော သင်္ဘောသစ်သည် အလျား ၃၆၆ မီတာ၊ အကျယ် ၅၁ မီတာ၊ အနက် ၃၀.၂ မီတာ ရှိပြီး စံနှုန်းမီ ကွန်တိန်နာ(TEU) ၁၆၆၁၆ လုံး သို့မဟုတ် အအေးခန်း ကွန်တိန်နာ ၁၈၀၀ ကို သယ်ဆောင်နိုင်သည်ဟု သိရပါသည်။