ယခုအကြိမ်ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုကြောင့် ဂါဇာဒေသတွင် လူ ၂သောင်း ၃ထောင် ၃ရာကျော် သေဆုံး

(GMT+08:00)2024-01-11 17:47:46  

ဇန်နဝါရီလ ၁၀ရက်နေ့က ဂါဇာ ဒေသ ကျန်းမာရေးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ယခုအကြိမ်ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု ဖြစ်ပွားပြီးနောက် ဂါဇာဒေသတွင် ပါလက်စတိုင်းနိုင်ငံသား ၂၃၃၅၇ ဦး သေဆုံးပြီး ၅၉၄၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
   ဇန်နဝါရီလ ၉ရက်နေ့က အစ္စရေးတပ်သား တစ်ဦး ဂါဇာဒေသအလယ်ပိုင်း တိုက်ခိုက်မှု၌ သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်မတော်မှ ဇန်နဝါရီလ ၁၀ရက်နေ့ နံနက်ပိုင်းက ကြေညာခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် ဂါဇာဒေသတွင် မြေပြင် စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် အစ္စရေးတပ်သား ၁၈၆ ဦး သေဆုံးခဲ့ကြောင်း သတင်းအရ သိရပါသည်။