အမေရိကန် နယူးယောက်မြို့တွင် မြေအောက်ရထား လမ်းချော်မှုဖြစ်ပွား

(GMT+08:00)2024-01-11 17:43:27  

ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းဒေသတွင် နောက်ဆုံး အကြိမ် ရထားတိုက်မိပြီးနောက် ၆ ရက်အကြာမှာ  မြေအောက်ရထား တစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ယင်း ရထားလမ်းချော်မှုကို အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ သေကျေဒဏ်ရာရရှိမှုမရှိကြောင်း၊ ဖြစ်ပွားရ ခြင်း အကြောင်းရင်းများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံရဲဌာနက ဖော်ပြပါသည်။ ယခုအကြိမ် မတော်တဆမှုကြောင့် ဘရွတ်ကလင်းရှိ မြေအောက်ရထား ဝန်ဆောင်မှု အချို့ကို ရပ်ဆိုင်းထားရကြောင်း သတင်းရရှိပါသည်။