ပြင်သစ်ရဲများ သမဂ္ဂက ဆန္ဒပြပွဲ ပြုလုပ်

(GMT+08:00)2024-01-11 15:13:42  

ဇန်နဝါရီလ ၁၀ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရဲများသမဂ္ဂက ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါသည်။ ဆန္ဒပြသူများက ပါရီ ၂၀၂၄ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ၏ လုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းနှင့်ပတ်သက်သည့် အချက်အလက် လုံလုံလောက်လောက်မရှိခြင်းကို ကန့်ကွက်ရန် ခရီးသွားကားတစ်စီးပေါ်တွင် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါသည်။