ဂျပန်နိုင်ငံ နိုတို ကျွန်းဆွယ်ငလျင်ကြောင့် ရွှေ့ပြောင်းသွားသူ ၂၆၀၀၀ဦးအထိရှိ

(GMT+08:00)2024-01-11 16:40:11  

ဂျပန်မီဒီယာမှ ၁၀ရက်နေ့က သတင်းအချက်အလက်အရ ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ်တွင် ငလျင်ကြောင့် ရွှေ့ပြောင်းသွားသူ ၂၆၀၀၀ဦးအထိရှိလာကြောင်း၊ ဘေးဒုက္ခသင့်သူများပြားလွန်းခြင်း နှင့် ရေများမသန့်ရှင်းသောကြောင့် ပြောင်းရွှေ့သွားသူများတွင် ကူးစက်ရောဂါခံရသူများလာကြောင်း သတင်းအရ သိရပါသည်။

၁၀ရက်နေ့က ဂျပန်နိုင်ငံ Ishikawa ပြည်နယ် နောက်ဆုံးရအချက်အလက်များအရ နိုတို ကျွန်းဆွယ်ငလျင်တွင် လူ ၂၀၆ ဦး သေဆုံးပြီး ၅၆၇ ဦး ဒဏ်ရာရရှိကာ ၅၂ ဦး ပျောက်ဆုံးနေကြောင်း၊ လူ ၃၁၀၀ သည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အကူအညီမဲ့နေသေးကြောင်း၊ ငလျင်ကြောင့် Ishikawa ပြည်နယ်ရှိ အိမ်ခြေ ၁၈၂၅ လုံး ပြိုကျခြင်း သို့မဟုတ် ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရပါသည်။