အကြီးစားအာတိတ်မြေခွေး အနုပညာလက်ရာ ရှန်ဟိုင်းမြို့တွင် ခင်းကျင်းပြသ

(GMT+08:00)2024-01-11 17:47:14  

ဇန်နဝါရီလ ၁၀ရက်နေ့က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ MIXC WORLD တွင် ပြသထားသော အကြီးစားအာတိတ်မြေခွေး အနုပညာလက်ရာတစ်ခုသည် လူမှု ကွန်ရက်များမှာ ရေပန်းစားနေပြီး မြို့သူမြို့သားအများအပြား လာရောက်ကြည့်ရှုရန် ဆွဲဆောင်ပါသည်။ ၄င်းမှာ “Rubber Duck ဖခင်”ဖြစ်သူ Florentijn Hofman ၏ လက်ရာသစ် “LET'S JUMP အာတိတ်မြေခွေး”ဖြစ်ပါသည်။ မြေခွေးကြီး၏တစ်ကိုယ်လုံး အမွှေးများကို Tyvek ပတ်ဝန်းကျင်ထိန်းသိမ်းရေးစက္ကူ ၃သိန်း၈သောင်း အသုံးပြုပြီး လက်ဖြင့် ကပ်ထားခြင်း ဖြစ်ကာ အာတိတ်မြေခွေး၏ အမွှေး ပျော့ပျောင်းမှုကို ပြသနိုင် ပါသည်။ အသက်ရှင်သန်မှု ရှာဖွေခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွေးခေါ်မှုများတွင် သဘာဝနှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ခြင်းဟူသော သဘောတရားကို ပြဆိုနေ ပါသည်။