နိုင်ငံခြားသားများ တရုတ်ပြည်ကို လာရောက်ရန် ပိုပြီးအဆင်ပြေ

(GMT+08:00)2024-01-11 17:48:23  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီလ ၁၁ရက်နေ့မှစ၍ နိုင်ငံခြားသားများ တရုတ်ပြည်သို့ လာရောက်ရန် အဆင်ပြေစေသော ဆောင်ရွက်ချက် ၅ချက်ကို စတင်ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေး၊ ပညာရေး နှင့် ခရီးသွားလာရေးအတွက် တရုတ်ပြည်သို့ လာရောက်ကြသော နိုင်ငံခြားသားများအတွက် တစ်ဆင့်တိုး အဆင်ပိုပြေ စေပြီး အရည်အသွေးမြင့်သော တံခါးဖွင့်မှုကို အာမခံပေးရေး နှင့် အရည်အချင်းမြင့်သော ဖွံ့ဖြိုး တိုးတက်မှု တိုးမြှင့်ရေးတို့ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန်ဖြစ်ကြောင်း၊ China Media Groupမှ သတင်းအရ သိရပါသည်။

အဆိုပါ ဆောင်ရွက်ချက်သစ် ၅ချက်တွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင် ပါသည်။

၁။ တရုတ်ပြည်သို့ လာရောက်မည့် နိုင်ငံခြားသားများအတွက် ဝင်ခွင့်ဗီဇာ လျှောက်ရန် အချက်အလက်များကို ဖြေလျှော့ရန်ဖြစ်ကြောင်း၊

၂။ ဘေကျင်း မြို့တော်လေဆိပ်စသော အချက်အချာလေဆိပ်များ၌ ၂၄နာရီအတွင်း နိုင်ငံဖြတ်သန်းသော နိုင်ငံခြားသားများအတွက် စစ်ဆေးရေးလုပ်ထုံးလုပ်နည်းမလိုဘဲ တိုက်ရိုက်ဖြတ်သန်းနိုင်ရန်ဖြစ်ကြောင်း၊

၃။ တရုတ်ပြည်ရှိ နိုင်ငံခြားသားများသည် ၎င်းတို့၏ အနီးဆုံးနေရာ၌ ဗီဇာဆိုင်ရာ သက်တမ်းတိုးခြင်း၊ အစားထိုးခြင်း နှင့် ပြန်လည်ထုတ်ပေးခြင်းတို့ကို လျှောက်နိုင်ရန် ဖြစ်ကြောင်း၊

၄။ တရုတ်ပြည်ရှိ နိုင်ငံခြားသားများသည် Multipleဗီဇာလိုအပ်လျှင် re-entry ဗီဇာ လျှောက်နိုင်ရန်ဖြစ်ကြောင်း၊

၅။ ဗီဇာလျှောက်ရာတွင် တရုတ်ပြည်ရှိ နိုင်ငံခြားသားများအတွက် လိုအပ်သော စာရွက်စာတမ်း လွယ်ကူစေရန်ဖြစ်ကြောင်း သတင်းရရှိပါသည်။