လီချန်သည် နိုင်ငံတော်ကောင်စီ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ အစည်းအဝေးကို ဦးစီးကျင်းပ

(GMT+08:00)2024-01-11 14:57:03  

    ဇန်နဝါရီလ ၁၀ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ အတွင်းရေးမှူး လီချန်သည်  နိုင်ငံတော်ကောင်စီ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းကြီးကြပ်ရေး ကော်မရှင် တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း၏ ရည်မှန်းချက် အကြောင်းအရာများ ဖော်ဆောင်ရေးကို လေ့လာဆွေးနွေးပြီး အစိုးရဌာနများတွင် ပါတီဝင်များ၏ လုပ်နည်းလုပ်ဟန်နှင့် သန့်စင်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို တွန်းအားပေး ဆောင်ရွက်ရန် အကြောင်းများကို စီမံခန့်ခွဲခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။