ကင်ဂျုံအန်းက တောင်ကိုရီးယားကို “အဓိကရန်သူ” ဟု ခေါ်ဆို

(GMT+08:00)2024-01-11 15:12:11  

မြောက်ကိုရီးယားဗဟိုသတင်းဌာနမှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ မြောက် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မကြာခင်က နိုင်ငံ၏အရေးကြီးသော စစ်ဘက်စက်ရုံကို လေ့လာကြည့်ရှုခဲ့ရာ တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ “အဓိကရန်သူ” ဖြစ်ပြီး တောင်ကိုရီးယားနှင့် ဆက်ဆံရာတွင် ထိပ်တန်း အရေးကြီးကိစ္စသည် နိုင်ငံတော်ကာကွယ်ရေးနှင့် နျူကလီးယားစစ်ပွဲအောင်နိုင်ရေးစွမ်းအားအားဖြည့်ရန် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ကင်ဂျုံအန်းက တောင်ကိုရီးယားသည် မြောက်ကိုရီးယားအပေါ် ထိပ်တိုက်ရင်ဆိုင်ရေးမူဝါဒကို အမြဲကျင့်သုံးပြီး တောင်ကိုရီးယားသည် မြောက်ကိုရီးယားကို ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်သည့် သမိုင်းဝင်ကာလ ရောက်လာပြီဖြစ်ပြီး ယင်းအဖြစ်မှန်ကို မြောက်ကိုရီးယားက အသိအမှတ်ပြုရ မည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်တွင် ကြီးကြီးမားမား အဖြစ်အပျက်များကို တစ်ဖက်သတ် ဖန်တီးမည်မဟုတ်သော်လည်း စစ်ပွဲကို ရှောင်တိမ်းမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။