ရှင်းကျန်းဒေသတွင် လျှပ်စစ်ဓာတ်အားများကို အခြားပြည်နယ်များသို့ ချောမွေ့စွာ ပို့လွှတ်နိုင်ရန် လမ်းကြောင်းများ တည်ဆောက်

(GMT+08:00)2024-01-10 15:32:25  

၂၀၂၃ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံ ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသည် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၇၄၀.၈ဘီလီယံ ကီလိုဝပ်နာရီကို အခြားပြည်နယ်များသို့ ပို့လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ ၄င်းအနက် စွမ်းအင်သစ်လျှပ်စစ်ဓာတ်အား ၃၀ရာခိုင်နှုန်း ပါရှိကြောင်း၊ ရှင်းကျန်းဒေသသည် ကျောက်မီးသွေး၊ လေအားနှင့် နေရောင်ခြည်စသည့် စွမ်းအင် အရင်းအမြစ်များတွင် အားသာချက် သိသိသာသာရှိပြီး အရေးပါသော အထွေထွေ စွမ်းအင်စခန်းတစ်ခု ဖြစ်ကြောင်း State Grid မှ ထုတ်ပြန်သော သတင်းကိုကိုးကား၍ China Media Group က ရေးသားဖော်ပြခဲ့ ပါသည်။
    ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ရှင်းကျန်းဒေသမှ လျှပ်စစ်ဓာတ်အားများကို  အခြား ပြည်နယ်များသို့ စတင်ပို့လွှတ်ပြီးနောက် ရှင်းကျန်းဒေသသည် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၇၄၀.၈ဘီလီယံ ကီလိုဝပ်နာရီကို အခြားပြည်နယ်များသို့ ပို့လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ ၄င်းအနက် စွမ်းအင်သစ်လျှပ်စစ်ဓာတ်အား ဘီလီယံ၂၁၀ ကီလိုဝပ်နာရီကို အခြား ပြည်နယ်များသို့ ပို့လွှတ်ခဲ့ပြီ ဖြစ်ပြီး ၃၀ရာခိုင်နှုန်း ပါရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ၃ယူနစ် ပို့လွှတ်လျှင် ၁ယူနစ်သည် အစိမ်းရောင်လျှပ်စစ်ဓာတ်အား ဖြစ်၍ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁၇၁၅၂သောင်း ကို လျှော့ချ ခဲ့ကြောင်း သတင်းအရ သိရပါသည်။