အနောက်အာရှတွင် မတည်မငြိမ်ဖြစ်စေတဲ့ အမေရိကန်အား အီရန်မှ ပြစ်တင်စွပ်စွဲ

(GMT+08:00)2024-01-10 15:33:56  

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Nasser Kanani က ယခုလ ၈ ရက်နေ့က တီဟီရန်မြို့တော်တွင် ကျင်းပသည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ အနောက်အာရှတွင် မလုံခြုံမှု၊ မတည်ငြိမ်မှုနှင့် အခြေအနေတင်းမာမှုများသည် ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် အမေရိကန်အစိုးရမှ ဝင်ရောက်စွက်ဖက်မှု ကြောင့်ဖြစ်သည့်အပြင်၊ အစ္စရေးနိုင်ငံအား အမေရိကန် အစိုးရမှ အကန့်အသတ်မရှိ ခြွင်းချက်မရှိသော ထောက်ခံမှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်း အရသိရပါသည်။