အရှေ့အလယ်ပိုင်းသို့ ၃ လအတွင်း ခရီးစဉ် ၄ ကြိမ် ပြုလုပ်ပြီး၊ Blinken ၏ "မီးငြိမ်းသတ်မှု ခရီးစဉ်" သည် မျှော်လင့်ထားသည့်ရလဒ်များ ရရှိ နိုင်မှု ခက်ခဲ

(GMT+08:00)2024-01-10 15:34:17  

အရှေ့အလယ်ပိုင်း ပဋိပက္ခများ မပြန့်ပွားအောင် အာမခံရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သည် အရှေ့အလယ်ပိုင်းဒေသတွင် တစ်ပတ်ကြာ ခရီးလှည့်လည်နေပါသည်။  ယင်းသည် ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့သည့်နောက်ပိုင်းတွင် Blinken ၏ စတုတ္ထအကြိမ် အရှေ့အလယ်ပိုင်း ခရီးစဉ်ဖြစ်ပါသည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏အဆမတန်သက်ရောက်မှုများဆက်လက် ကျယ်ပြန့် လာသည်နှင့်အမျှ နိုင်ငံတကာ အသိုက်အဝန်းက အပစ်အခတ်ရပ်စဲရန် ပြင်းပြင်း ထန်ထန်တောင်းဆိုလျက်ရှိကြပါသည်။ အမေရိကန်သည် အစ္စရေးအား လက်နက်များ ထောက်ပံ့ပေးရုံသာမက ကုလသမဂ္ဂတွင် အစ္စရေးအား ထောက်ခံလျက်ရှိပါသည်။ အမေရိကန်၏ ရပ်တည်ချက်သည် ကသိကအောက်ဖြစ်နေသဖြင့် Blinken ၏ "မီးငြိမ်းသတ်မှုခရီးစဉ်"သည် မျှော်လင့်ထားသည့်ရလဒ်များရရှိနိုင်ရန် ခက်ခဲကြောင်း သက်ဆိုင်ရာ အကဲခတ်သူများက ဖော်ပြခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။