ရှီကျင့်ဖိန်နှင့် တူနီးရှား သမ္မတ Kais Saiedတို့ တရုတ်-တူနီးရှား သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ်၆၀ ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-01-10 15:26:36  

ယခုလ ၁၀ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် တူနီးရှား နိုင်ငံ သမ္မတ Kais Saiedတို့သည်  နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ်၆၀ ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-တူနီးရှား ချစ်ကြည်ရေး အစဉ်အလာသည် နက်ရှိုင်းကြောင်း၊ သံတမန် အဆက်အသွယ် ထားရှိခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း နှစ်ဖက်တို့ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တစ်နေ့တခြား ခိုင်မာလာပြီး နယ်ပယ်များစွာမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ မိမိသည် တရုတ်-တူနီးရှား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ သမ္မတ Kais Saiedနှင့် အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ်၆၀ ပြည့်မြောက်ခြင်းကို အစပြု အသစ် အဖြစ် ထားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေကာ နှစ်နိုင်ငံ၏ ခင်မင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု သစ် ရရှိရန် လက်တွဲ တွန်းအားပေးလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြပါသည်။

သမ္မတ Kais Saiedက တူနီးရှားနှင့် တရုတ် နှစ်နိုင်ငံတို့သည် ရေရှည် ချစ်ကြည်ရင်းနှီးမှု ရှိပြီး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အောင် မြင်မှုများ ရရှိခဲ့ကြောင်း၊ တူနီးရှားဘက်သည် တရုတ်ဘက်နှင့် အတူ နယ်ပယ်များစွာ ပါဝင်ပြီး ရှေ့အလားအလာ များစွာရှိသည့် မိတ်ဖက် ဆက်ဆံမှုသစ်ကို တည်ဆောက်ကာ နှစ်နိုင်ငံ ဆက်ဆံမှုကို တိုးမြှင့်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။