ဂျပန်ငလျင်ဘေးသင့်ဒေသတွင် မိုးနှင့်ဆီးနှင်းများ ပြင်းထန်လာမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲလျက်ရှိနေ

(GMT+08:00)2024-01-10 15:33:07  

ဂျပန်နိုင်ငံ Noto ကျွန်းဆွယ်ငလျင်လှုပ်ခတ်ခဲ့သည့် တစ်ပတ်ကြာပြီးနောက် ဘေးသင့် ဒေသ၌ ရေပြတ်တောက်မှုနှင့် မီးပျက်မှုအခြေအနေများသည် ယခုအထိ ပြန်လည် ကောင်းမွန်လာမှု မရှိသေးဘဲ  လူ ၂သောင်း ၉ထောင်ခန့်သည် ဘေးရှောင်သော အခြေအနေတွင် ရှိနေသေးကြောင်း၊ ၇ရက်နေ့ညက Notoကျွန်းဆွယ်တွင်  ဆီးနှင်းများ စတင်ကျလာခဲ့သောကြောင့် ငလျင်ဘေးသင့်ဒေသသို့ သွားရောက်နိုင်သောလမ်းများ အား တစ်ဆင့်တိုး အတားအဆီးဖြစ်စေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းအရှိန်ကို လျော့နည်းစေ လာသည်ဟု ပညာရှင်များက ပြောကြားခဲ့ကြောင်း၊ ၈ရက်နေ့က ဂျပန်နိုင်ငံ Ishikawaပြည်နယ်မှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ Noto ကျွန်းဆွယ်ငလျင်ကြောင့် Ishikawaပြည်နယ်၌ သေဆုံးသူဦးရေ ၁၆၈ဦးရှိပြီး လူ ၃၂၃ဦး ပျောက်ဆုံး နေသေးကာ လူ ဦးရေ ၅၆၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။