ရှီကျင့်ဖိန် သည် Sarah D.Lande ထံသို့ ပြန်စာတစ်စောင် ပေးပို့

(GMT+08:00)2024-01-10 15:27:10  

ဇန်နဝါရီလ ၄ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အမေရိကန်နိုင်ငံ Iowa ပြည်နယ် ရှိ မိတ်ဆွေ Sarah D.Lande ထံသို့ ပြန်စာတစ်စောင်ကို ပေး ပို့ ခဲ့ပါသည်။
    သမ္မတ ရှီကျင့်ဖိန် က တရုတ်-အမေရိကန်နှစ်နိုင်ငံ သံအဆက်အသွယ်ထားရှိခဲ့သည့် ၄၅နှစ်အတွင်းတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အတက်အကျနှင့် ကြုံတွေ့ပြီး သစ်ပင်ကြီး အဖြစ် ကြီးပြင်း လာကာ ပူးပေါင်းဆောင်ရွက်မှု အောင်သီးရလဒ်များကို ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံကို အကျိုးပြုစွမ်းဆောင်သည့်အပြင် ကမ္ဘာကြီးအားလည်း အကျိုးပြုစွမ်းဆောင်ခဲ့ ကြောင်း၊ တရုတ်-အမေရိကန်နှစ်နိုင်ငံပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် နှစ်နိုင်ငံပြည်သူများကို ပိုမိုမှီခိုအားထားရကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်ကျန်းမာပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးပြုစွမ်းဆောင်မှု များ ရှာကြံဆောင်ရွက်ရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ပိုမိုများပြားသော အများ ပြည်သူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးရန်၊ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် ဘေးကင်းလုံခြုံသော၊ အတူတကွစည်ပင်သာယာသော၊ တံခါးဖွင့်ပြီး အားလုံးပါဝင်နိုင် သော၊ သန့်စင်သာယာသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်ရန် အမေရိကန် နိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြန်စာတွင်  ဖော်ပြထားပါသည်။