C919 အကြီးစားလေယာဉ်များသည် ရှန်ဟိုင်း Hongqiao - ဘေကျင်း Daxing စီးပွားဖြစ် ပျံသန်းမှုများစတင်

(GMT+08:00)2024-01-10 15:32:44  

ဇန်နဝါရီလ ၉ရက်နေ့တွင် China Eastern Airlines ၏ C919 အကြီးစားလေယာဉ်များ သည် ရှန်ဟိုင်း Hongqiao - ဘေကျင်း Daxing စီးပွားဖြစ်ပျံသန်းမှုများကို စတင်ခဲ့ကြောင်း၊ ၄င်းမှာ ရှန်ဟိုင်း Hongqiao - ချန်တူး Tianfu လေကြောင်းလိုင်း စီးပွားဖြစ်ပျံသန်းပြီးနောက် C919 အကြီးစားလေယာဉ်များ ပျံသန်းသော ဒုတိယမြောက် စီးပွားဖြစ် လေကြောင်းလိုင်း ဖြစ်ကြောင်း China Eastern Airlines မှ ထုတ်ပြန်သော သတင်းကို ကိုးကား၍ China Media Group က ရေးသားဖော်ပြခဲ့ ပါသည်။
    ယခုအထိ China Eastern Airlines သည် C919 အကြီးစားလေယာဉ် ၄စင်းကို လက်ခံရရှိထားပြီ ဖြစ်ကြောင်း၊ ယခုနှစ်တွင် China Eastern Airlines သည် မူလ အစီအစဉ်အရ Commercial Aircraft Corporation of China Ltd (COMAC) မှ C919 အကြီးစားလေယာဉ်များကို ဆက်လက် လက်ခံရရှိမည် ဖြစ်ကြောင်း သတင်းအရ သိရ ပါသည်။