အကျဉ်းထောင်အဓိကရုဏ်းများကြောင့် အီကွေဒေါသည် ရက်၆၀ကြာ အရေးပေါ်အခြေအနေသို့ ရောက်ရှိလာ

(GMT+08:00)2024-01-09 16:29:14  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၈ရက်နေ့က အီကွေဒေါ သမ္မတ နူဘိုအာသည် ပြင်းထန်သော ပြည်တွင်းမငြိမ်မသက် ဖြစ်မှုများကြောင့် တစ်နိုင်ငံလုံးသည် ရက် ၆၀ကြာ အရေးပေါ်အခြေအနေသို့ ရောက်ရှိလာသည်ဟု ပြောကြားခဲ့ကြောင်း၊ အီကွေဒေါမီဒီယာ၏ ဖော်ပြချက်အရ မူးယစ်ရာဇာ အာတိုဖ် မာစီရာစီသည် ယခုလ ၇ရက်နေ့က ယင်းနိုင်ငံအနောက်တောင်ပိုင်းရှိ ကွာရာကီလ်မြို့၏ လီတိုလာအယ်အကျဉ်းထောင်မှ ထွက်ပြေးနိုင်ခြေရှိကြောင်း၊ အီကွေဒေါ၏ အကျဉ်းထောင်၆ခုသည် ၈ရက်နေ့က အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ထောင်အစောင့်အများအပြားကို အကျဉ်းသားများက ထိန်းချုပ်ခဲ့ကြောင်း၊ ယခုအကြိမ်အရေးပေါ်အခြေအနေသည် ရက်၆၀ကြာရှည်၍ တစ်နိုင်ငံလုံးတွင် ည၁၁နာရီ မှ မနက်၅နာရီအထိ ညမထွက်ရအမိန့်ကို ကျင့်သုံးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။