ပြင်သစ် ဝန်ကြီးချုပ် Bornet ရာထူးမှ နုတ်ထွက်

(GMT+08:00)2024-01-09 16:26:15  

ပြင်သစ်သမ္မတရုံးမှ ဇန်နဝါရီလ ၈ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ ပြင်သစ်သမ္မတ Macron သည် ထိုနေ့တွင် ဝန်ကြီးချုပ် Bornet တင်သွင်းသည့် နုတ်ထွက်စာကို လက်ခံခဲ့ကြောင်း ဖော်ပြခဲ့ပါသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

Bornet သည် ၂၀၂၂ခုနှစ် မေလ တွင် ပြင်သစ် ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

လွန်ခဲ့သည့်နှစ်တွင် အငြိမ်းစားယူမှုစနစ် ပြုပြင်ပြောင်းလဲမှုနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်တို့က အတည်ပြုသည်နှင့်အညီ Macron သည် နှစ်သစ်တွင် အစိုးရအဖွဲ့အသစ် လိုအပ်သည်ဟု လေ့လာသုံးသပ်သူများက ယူဆခဲ့ပါသည်။