ဂျာမနီဘောလုံးဂန္တဝင် Beckenbauer ကွယ်လွန်

(GMT+08:00)2024-01-09 16:31:13  

ဂျာမနီနိုင်ငံ ဂန္တဝင် ဘောလုံး ကစားသမား Beckenbauer သည် ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က အသက် ၇၈ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရပါ သည်။

     ကမ္ဘာ့ဘောလုံးလောကမှ ဂန္တဝင်ပုဂ္ဂိုလ်အနေနှင့် Beckenbauer ကို "ဘောလုံး ဧကရာဇ်" အဖြစ် လူသိများလှပါသည်။ ကစားသမားတစ်ဦးအနေဖြင့် ၎င်းသည် အနောက် ဂျာမနီအသင်းကို ဦးဆောင်ပြီး ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားရရှိခဲ့ရုံသာမက၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်း ဥရောပချန်ပီယံဖလား ၃ ကြိမ် ဆက်တိုက်ရရှိနိုင်ခဲ့ခြင်း အားအကူအညီပေးခဲ့ပါသည်။ ၎င်းသည် ၁၉၇၂ နှင့် ၁၉၇၆ ခုနှစ်တွင် ဥရောပ အကောင်းဆုံးဘောလုံးသမားဆုကို နှစ်ကြိမ်ရရှိခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းသည် နည်းပြဆရာအနေနှင့် အနောက်ဂျာမနီအသင်းကို ဦးဆောင်ပြီး the World Cup trophy ဖလားကို ထပ်မံရရှိခဲ့ပါသည်။