ကမ္ဘာ့ အကြီးဆုံး အဆင့် ကွန်တိန်နာသင်္ဘောသည် ပင်လယ်ပြင်တွင် အစမ်းခရီးစတင်

(GMT+08:00)2024-01-09 16:19:01  

ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး အဆင့် ကွန်တိန်နာသင်္ဘော "Oriental Valencia" သည် ယန်ဇီမြစ်၏ နန်ထွန်းမြို့အပိုင်း ရေပိုင်နက်မှ အောင်မြင်စွာ ထွက်ခွာခဲ့ပြီး သက်ဆိုင်ရာ ရေပိုင်နက်အတွင်း အစမ်းခရီး စတင်ခဲ့သည်။ အဆိုပါသင်္ဘောသည် ကျန်းဆူပြည်နယ်နန်ထွန်းမြို့ရှိ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီမှ ကိုယ်ပိုင်ဒီဇိုင်းဆွဲ တည်ဆောက်ထားသော တူညီသောစီးရီးစ်၏ စတုတ္ထမြောက် သင်္ဘောဖြစ်သည်။ ထို့အပြင် ယင်းသည် ၂၀၂၄ခုနှစ် တရုတ်နိုင်ငံတွင်  အပြီးဆောက်လုပ် သည့် ပထမဆုံးကမ္ဘာ့အကြီးဆုံး အဆင့် ကွန်တိန်နာ သင်္ဘောလည်းဖြစ်သည်။    

အဆိုပါသင်္ဘောသည် စုစုပေါင်းအရှည်   ၃၉၉.၉၉ မီတာ၊ အကျယ် ၆၁.၃ မီတာ၊ အနက် ၃၃.၂ မီတာ ရှိသည်။ အများဆုံး ကုန်ပစ္စည်း တင်နိုင်မှု ပမာဏမှာ စံချိန်မီ ကွန်တိန်နာ ၂၄၁၈၈လုံး ဖြစ်ပြီး၊ အပြည့်တင်ဆောင်ထားသည့်အခါတွင် အမြင့် ၂၂ ထပ်ရှိ သာမန်လူနေအိမ် တစ်လုံး၏ အမြင့်သို့ရောက်ရှိနိုင်သည်။ ယင်းသည် ခေတ်မီသင်္ဘော တည်ဆောက်မှု ရှေ့တန်း နည်းပညာများကို ပေါင်းစပ်ထားပြီး  စံချိန်စံညွှန်းများစွာသည် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားပါသည်။