ဟာအယ်ပင်းခရီးသွားလာရေး စည်ကားသောကြောင့် အရှေ့မြောက်ပိုင်းဒေသ၌ ပန်းပွင့်ပါသော ဂွမ်းကပ်အင်္ကျီ များ ရောင်းကောင်းပြီး ခရီးသည်များ ရေပန်းစားလာ

(GMT+08:00)2024-01-09 16:28:09  

ဇန်နဝါရီလ ၈ရက်နေ့က ဟာအယ်ပင်းမြို့၌ ဆောင်းရာသီခရီးသွားလာရေး စည်ကားလာသည်နှင့်အမျှ သက်ဆိုင်ရာလုပ်ငန်း လျင်မြန်စွာ စည်ကားလာပါသည်။ လမ်းတစ်လျှောက် အအေးကာပစ္စည်း အရောင်းဆိုင်များတွင် ရောင်စုံသော ပန်းပွင့် ဂွမ်းကပ်အင်္ကျီ၊ နှာခေါင်းစည်း နှင့် ဦးထုပ်များကို ရောင်းနေကြပါသည်။ ဤသို့ လှပသော ပန်းပွင့်ပုံစံဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀တုန်းက အရှေ့မြောက်ပိုင်းဒေသ ကျေးရွာများ၌ ဂွမ်းကပ်စောင်နှင့် ဂွမ်းကပ်အင်္ကျီများ ပြုလုပ်ရာတွင် အသုံးပြုခဲ့သောပုံစံဖြစ်ပါသည်။ ယခု အခါ ၎င်းတို့ကို အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသောခရီးသည်များကို ဧည့်ခံရာတွင် အသုံးပြုလာပါသည်။ ဟာအယ်ပင်းမြို့၌ အချို့မော်တော်ကားအဖုံးများပေါ်တွင်လည်း ကပ်ထားပြီး အလွန်တောက်ပနေပါသည်။