အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ “အင်ဒို-ပစိဖိတ် ဆွေးနွေးပွဲ” ပူးတွဲကြေညာချက်နှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်ချေပ

(GMT+08:00)2024-01-09 17:02:13  

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ “အင်ဒို-ပစိဖိတ်ဆွေးနွေးပွဲ” ပူးတွဲကြေညာချက်တွင် တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် မမှန်ကန်သော အကြောင်းအရာများကို တုံ့ပြန်သည့်အနေဖြင့် ဇန်နဝါရီလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နိုင်ငံသည် သက်ဆိုင်ရာအကြောင်းအရာများကို လွန်စွာ အလေးထားပြီး သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် စစ်အေး အတွေးအခေါ်ကို စွန့်ပစ်ရန်၊ ဒေသတွင်း အခြေအနေ တင်းမာမှုကို ပိုမို မဆိုးရွားအောင် ထိပ်တိုက်ရင်ဆိုင်မှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။