ဂျပန်ဝန်ကြီးချုပ်ဟောင်း Kakuei Tanaka ၏ အိမ်အဟောင်းတွင် မီးလောင်မှု ဖြစ်ပွား

(GMT+08:00)2024-01-09 16:29:59  

ဂျပန်ဝန်ကြီးချုပ်ဟောင်း Kakuei Tanaka ၏ အိမ်အဟောင်းတွင် မီးလောင်မှု ဖြစ်ပွားခြင်း နှင့်ပတ်သက်၍ ဒေသစံတော်ချိန် ဇန်နဝါရီလ ၈ရက်နေ့က ဂျပန်တိုကျိုမြို့တော်ရဲဌာနက မီးမလောင်ခင် အိမ်မှာ အမွှေးတိုင်များ ပူဇော်ခဲ့သည်ဟု ဤအိမ်အဟောင်းတွင် နေထိုင်သော ဂျပန်ဝန်ကြီးချုပ်ဟောင်း Kakuei Tanaka၏ သမီးဖြစ်သူ၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Tanaka Makiko၏ ပြောကြားချက်ကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ တိုကျိုမြို့တော်ရဲဌာနနှင့် မီးသတ်ဌာနတို့သည် မီးလောင်ရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။