အီရန်သည် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အားဖြည့်ဆောင်ရွက်မည်

(GMT+08:00)2024-01-09 17:01:34  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၈ ရက်နေ့က အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကာနာနီက ကာမန် ဗုံးပေါက်ကွဲမှု၊ အမေရိကန်-အီရန် ဆက်ဆံရေး၊ ဒေသတွင်း အခြေအနေ စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အကြမ်းဖက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ကြောင်း၊ အီရန်သည် ဒေသတွင်းနိုင်ငံများနှင့် အားဖြည့် ပူးပေါင်းဆောင်ရွက်ပြီး အကြမ်းဖက်မှုကို လက်တွဲ တိုက်ဖျက်မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။